Standard Operating Procedure (SOP)
Exchange and Return Processes
၁။ Consumer Electronics (CE) Products Exchange Policy (CE ပစ္စည်းများအတွက် သီးသန့် သတ်မှတ်ချက်)
(၁း၁)လဲလှယ်နိုင်မည့် သက်တမ်း
ပစ္စည်းလက်ခံရရှိသည့်နေ့မှစ၍ (၃) ရက်အတွင်း သာ လဲလှယ်ခွင့်ရှိသည်။
(၁း၂) ပစ္စည်းလဲလှယ်ခ (Exchange Fee)
- မူလပစ္စည်းထက် တန်ဖိုးတူ သို့မဟုတ် တန်ဖိုးမြှင့် သော ပစ္စည်းများနှင့်သာ လဲလှယ်ခွင့်ရှိသည်။
- လုံးဝ (လုံးဝ) ငွေပြန်အမ်းပေးမည်မဟုတ်ပါ။ (No Refund)
- ဝယ်ယူပြီးသားပစ္စည်းကို အခြားပစ္စည်းတစ်ခုနှင့် လဲလှယ်လိုပါက မူလကုန်ပစ္စည်းတန်ဖိုး၏ ၅% ကို လဲလှယ်ခအဖြစ် နှုတ်ယူမည်။
(၁း၃) ပို့ဆောင်ခ (Delivery Fee)
- ကုန်ပစ္စည်းလဲလှယ်ရာတွင် ကုန်ကျမည့် ပို့ဆောင်ခ (Delivery Fees) အားလုံးကို Customer ဘက်မှသာ ကျခံရမည်။
(၁း၄) ဝယ်ယူမှုအထောက်အထား
- အွန်လိုင်း(သို့မဟုတ်) ဆိုင်မှ ဝယ်ယူစဉ်က ရရှိထားသော Original Voucher / Invoice ကို ပြသရမည်။
(၁း၅) ကုန်ပစ္စည်းအခြေအနေ
- အသုံးပြုထားပြီးသားပစ္စည်းများ၊ Tag စက္ကူ ဖြုတ်ထားသောပစ္စည်းများနှင့် မူလထုပ်ပိုးမှုစနစ် (Original Packaging) ပျက်စီးနေသော ပစ္စည်းများကို လဲလှယ်ပေးမည်မဟုတ်ပါ။
၂။ Return Policy & Process (Factory Defects / Errors)
(၂:၁) General CE Products (အထွေထွေ လျှပ်စစ်ပစ္စည်းများ)
- အကြောင်းကြားရန် သက်တမ်း: ကုန်ထုတ်လုပ်မှုပိုင်းဆိုင်ရာ ချို့ယွင်းချက် (Factory Defect) ပါရှိပါက (3 Days) အတွင်း ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုအထောက်အထားနှင့်တကွ အကြောင်းကြားရမည်။
- ဖြေရှင်းဆောင်ရွက်မှု: Product Error အပေါ်မူတည်၍ Technician (ကျွမ်းကျင်ပညာရှင်) နှင့် သက်ဆိုင်ရာ Brand Policy ၏ သတ်မှတ်ချက်အတိုင်း စစ်ဆေးပြီး ပြန်လည်ဆောင်ရွက်ပေးမည်။
(၂:၂) Mobile Products Exchange Policy (မိုဘိုင်းဖုန်းများအတွက် သီးသန့်သတ်မှတ်ချက်)
- Cosmetic Errors (အပေါ်ယံအနာအဆာ): ဆိုင်တွင် ရောင်းချစဉ် ဖွင့်ဖောက်စစ်ဆေးသည့်အချိန်၌ Cosmetic Error တွေ့ရှိပါက အသစ်တစ်လုံး ချက်ချင်းလဲလှယ်ပေးရမည်။
- Activation ပြုလုပ်ပြီးနောက် Error များ: ဆိုင်တွင် Activation ပြုလုပ်ပြီးမှ တွေ့ရှိရသည့် Factory Error များအတွက် သက်ဆိုင်ရာ (Owner / Principal ၏ Recommend (ညွှန်ကြားချက်) အတိုင်း လုပ်ဆောင်ပေးရမည်။
- ဝယ်ယူပြီး သတ်မှတ်ရက်အတွင်း Error များ:
• ဝယ်ယူသည့်နေ့မှ (၃) ရက်အတွင်းဖြစ်ရပါမည်။
• သက်ဆိုင်ရာ Brand ၏ Service Center တွင် အရင်ဆုံး စစ်ဆေးရမည်။
• Service Center ၏ Recommend (ထောက်ခံချက်) ရရှိမှသာ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးမည်။
• Customer မှ ဝယ်ယူခဲ့သည့် Voucher နှင့် Warranty Card များကို မပျက်မကွက် ယူဆောင်လာရမည်။
• Apple Products များလုံးဝ မပါဝင်ပါ။